ရွှေဘိုမြို့တွင်ဓမ္မာစရိယစာမေးပွဲအေးချမ်းစွာဖြေဆိုလျက်ရှိ

ရွှေဘို မတ်၂၉

ရွေဘိုမြို့အမှတ် (၁) ရပ်ကွက်ရှိရတနာသ်ိင်္ဃသာသနာ့ဗိမာန်တော်၌၁၃၈၅ ခုနှစ် (၂၀၂၄) ခုနှစ် ဓမ္မာစရိယစာမေးပွဲ (ပထမနေ့) ကိုယမန်နေ့ (၂၈-၃-၂၀၂၄) ရက်နေ့ မွန်းလွဲ ၁၂ နာရီမှစတင်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဓမ္မယစရ်ယစားမေးပွဲတွင်ကျမ်းရင်း ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁) ဘာသာအားဖြေဆိုခဲ့ကြပြီး ရွှေဘိုခရိုင်အတွင်းရှိရဟန်း (၂၆၈) ပါး၊ သီလရှင် (၃၀)ပါးစုစုပေါင်း (၂၉၈) ပါးဖြေဆိုကြကြောင်းသိရှိရသည်။ စာဖြေရဟန်းများ၊ သီလရှင်များစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးတို့အတွက် ဆရာတော်သံဃာတော်များ၊ ခရိုင်အဆင့်ဌာဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်များအလှူရှင်များ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဓမ္မာစရိယစာမေးပွဲအား၂၈-၃-၂၀၂၄ ရက်နေ့မှ ၅-၄-၂၀၂၄ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဦးအောင်ထွန်းခိုင်