မအူပင် မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပို့ချသည်။
အဆိုပါမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းအား သင်တန်းသား (၁၅၉၉) ယောက်၊ သင်တန်းနည်းပြ (၉၆) ယောက်၊ ကြီးကြပ် (၅) ယောက်တို့ဖြင့် အနီးကပ်ကြီးကြပ်သင်ကြားပို့ချလျက် ရှိသည်။ ၎င်းသင်တန်းအား နံနက် (၉) နာရီမှ (၁၂) နာရီထိနှင့် မွန်းလွဲ (၁) နာရီမှ (၄) နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်မှ ၃၀ ရက်နေ့ထိ (၅) ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)