ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး  ဟောပြော၊ သရုပ်ပြသဆောင်ရွက်

ရွှေတောင် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိမြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာများအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း၏ လမ်းညွှန်မှုများကိုခံယူလျှက် ရွှေတောင်မြို့နယ်ဒုတိယ မီးသတ်ဦးစီးမှူးဦးကျော်ကျော်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၀န်ထမ်းများအား မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်း  သိရသည်။

ဆက်လက်၍ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်ငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များဖြင့် လက်တွေ့ငြှိမ်းသတ်သရုပ်ပြသခြင်းများအား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၀န်ထမ်းများနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက် ဇာတ်တိုက်လေ့ကျင်လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါ ‌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောသရုပ်ပြဆောင်ရွက်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန် / ဆက်)