အုတ်ဖို မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများ မယုံကြည်ကြစေရန်နှင့် သတင်းအမှန်များသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးဟောပြောခြင်းကို မတ်လ ၂၈ ရက်နေ့က အေးမြသာယာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာရှိ JMKS အထည်ချုပ်စက်ရုံ၌ ကွင်းဆင်းဟောပြောဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကိုကျင့်သုံးရခြင်း၏ အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလတို့ကို ရှင်းလင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများ မယုံကြည်ကြစေရန်ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တာဝန်ရှိသူများမှလည်း ပြည်သူများအနေဖြင့်သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ လာရောက်ဆွေးနွေးမေးမြန်းနိုင်ကြောင်းနှင့် တက်ရောက်လာသူများ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)