ဖျာပုံမြို့၌အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကျင်းပ

ဖျာပုံ   မတ်  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ဓမ္မဝိနယပဋ္ဌမပြန် တိုက်သစ်ဘုန်းတော်ကြီးကျောင်းတွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲကို ယနေ့နေ့လယ်ပိုင်းအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသည်။

အဆိုပါအစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို (ဖျာပုံ၊ မအူပင်၊ ကျိုက်လတ်၊ ဒေးဒရဲ၊ဘိုကလေး) မြို့နယ်အတွင်းရှိဘုန်းတော်ကြီး ကျောင်းများမှအစိုးရဓမ္မာစရိယတန်း "ပရဇိကဏ်(ပ)" ဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၁၉၁)ပါးရှိပြီး၊ စာဖြေရဟန်း (၁၄၂)ပါး၊ သာမဏေ (၂)ပါး၊ သီလရှင်( ၂၅)ပါး၊ စုစုပေါင်း(၁၆၉)ပါး ဝင်ရောက်ဖြေကြပြီး၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်သာသနာရေးဦးစီးထံမှသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)