ပိုင်ကျုံမြို့တွင် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ

ပိုင်ကျုံ မတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများကို အ.ထ.က (ခွဲ) အထက်ပိုင်ကျုံကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းနှင့် ဆွေးနွေးပွဲများကို မူလတန်းဆင့် သင်တန်းသား၊ သင်တန်းသူ (၂၉၇) ဦးတို့အား သင်တန်းနည်းပြဆရာ (၁၅) ဦးဖြင့် ဒု-မြို့နယ်ပညာရေးမှူး ဦးးမျိုးမြင့်ထွန်းနှင့် နည်းပြ ဆရာ၊ ဆရာမများက  အနီးကပ်ကြီးကြပ်၍  သင်ကြားပို့ချပေးလျက်ရှိကြောင်း  သိရသည်။

ထိုသင်တန်းများကို နံနက် ၉ နာရီမှ ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၅  ရက်မှ ၃၀ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြား ပို့ချမည်ဖြစ်ကြောင်း   သိရသည်။

နော်ခူး(ပြန်/ဆက်)