ကရသူရိမြို့၌ ကလေးများအကြိုက် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကရသူရိ မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက် အသိပညာဗဟုသုတရရှိရေးနှင့် ဉာဏ်ရည်/ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး ကလေးများအကြိုက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက် စာကြည့်တိုက်သို့လာရောက်ကြသည့် ကလေးများအား စာအုပ်/စာပေမှပေးအပ်သည့် အသိပညာများ၊ အတတ် ပညာများဖြင့် ထူးချွန်ထက်မြက်သည့် ကလေးများဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အ‌ဆိုပါဆောင်ရွက်ရာ၌  ကလေးများအကြိုက် စာအုပ်များဖြစ်သည့် နေကြာပင်၊ ရေသန့်ဘူးလေး၊ ဗျိုင်းမကြီးနှင့်သူ့ကလေးများ၊ ငါးလေးရဲ့ ရေအောက်ကမ္ဘာ၊ ပေါက်ပြား၊ ဇီးရှိတဲ့ သမင်မ၊ ပုရစ်ကလေးနှင့်ခို စသည့် စာအုပ်များအား ဖတ်ကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)