မအူပင် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရွှေလှေသောင်ကျေးရွာအုပ်စု ပိုက်တန်းကျေးရွာ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃)လုံး အိမ်ထောင်စု(၃)စု လူဦးရေ(၁၈)ဦးအတွက်ထောက်ပံငွေပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ထောက်ပံငွေပေးအပ်ခဲ့သည်။
မအူပင်မြို့နယ်ရွှေလှေသောင်ကျေးရွာအုပ်စု ပိုက်တန်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့သည့်နေအိမ်(၃)လုံး အိမ်ထောင်စု(၃)စုလူဦးရေ(၁၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၃၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေကျပ်(၃၇၈၀၀/-) စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ ကျပ်(၃၃၇၈၀၀/-) အားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ရုံးမှ အငယ်တန်းစာရေး ဒေါ်တွယ်တာလင်းထွန်း ကကျေးရွာအုပ်ချုပ် ရေးမှူးနှင့်ရပ်မိရပ်ဖရှေ့မှောက်၌ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ် အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်