လပွတ္တာ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က လပွတ္တာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်အဝေး ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ လပွတ္တာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလေးအောင်က ပြောကြားသည်။
ထိုနောက် ဌာနဆိုင်ရာများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြပြီး မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်ကော်မရှင် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက သိရှိလိုသည်များအား ရှင်းလင်း ပြောကြားသည်။
လပွတ္တာမြို့တွင် မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရပ်ကွက်နှင့် ကျေးရွာပေါင်း (၈၂)ခု၊ မဲရုံ စုစုပေါင်း(၂၆၃)ရုံ၊ မဲဆန္ဒရှင်စာရင်း (၂၂၆၇၄၉) ဦးရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့ တွင် နံနက်(၆)နာရီမှ ညနေ(၄)နာရီအထိ ပြည်သူများအား မဲပေးခွင့်ပြုသွားမည်ဖြစ်ရှိကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ)