ရေတာရှည် မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အသိပညာပေး ဟောပြောပွဲ ပြုလုပ်သည်။
ထိုသို့ အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က လူကုန်ကူးခြင်းခံရမှုအကြောင်းရင်းများ ဟောပြောပြီး ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်က နိုင်ငံ၊ လူမျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန်အတွက် မြန်မာ့ရိုးရာယဥ်ကျေးမှု မြတ်နိုးထိန်းသိမ်းတတ်စေမည့် အကြောင်းရင်းများအား ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကောင်းထက်နိုင်က မီးဘေးအန္တရာယ်အကြောင်း အသိပေးဆွေးနွေးပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ဆောင်ရွက်နေမှုများ၊ မီးသတ်ဆေးဘူး အသုံံးပြုမှုများ၊ မီးဘေးအန္တရာယ်များ လျော့ချနိုင်ရေးအတွက် ရိုက်ကူးထားရှိသည့် ဗီဒီယိုဇာတ်လမ်းတိုများအား ပြသခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား မီးငြှိမ်းသတ်ယာဥ်၏ လုပ်ဆောင်မှု အဆင့်ဆင့်များအား လက်တွေ့သရုပ်ပြ ငြှိမ်းသတ်မှုများ ပြသခဲ့ပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)