ရေတာရှည်မြို့နယ်၌ အခြေခံပန်းချီနှင့် အင်္ဂလိပ်စာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ရေတာရှည် မတ် ၂၉

နွေရာသီ​ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို မတ်လ(၂၁)ရက်နေ့မှ မတ်လ (၂၈) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ သင်တန်းကာလ ပြီးမြောက်ပြီဖြစ်ကာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

 သင်တန်းဆင်းပွဲ၌ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းတို့တွင် တက်ရောက်ပြီးစီးသူများက အလေ့အကျင့်ကောင်းများ ရရှိသည့်အပြင်  ပြင်ပဗဟုသုတများနှင့် ပေါင်းစပ်စေကာ ယခုသင်ကြားခဲ့သည်ထက် ပိုမိုတိုးတက်အောင်  လေ့ကျင့်မှုများ ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း တို့တွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် အထူးဆုများအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦး ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်း၌ နည်းပြအဖြစ် ဆောင်ရွက်ပေးကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းတို့ကို (၂၁-၃-၂၀၂၄) ရက်နေ့မှ (၂၈-၃-၂၀၂၃) ရက်နေ့ထိ (၈) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကာ တက်ရောက်ခဲ့သူဦးရေ စုစုပေါင်း (၈၀) ဦးရှိကြောင်း သိရသည်။

ဇော်ထက်(ပြန်/ဆက်)