ပန်းတနော် မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းစွာ သွားလာနိုင်ရေးတို့အတွက် မော်တော်ယာဥ်နှင့် ဆိုင်ကယ်များ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက (ရန်ကုန် - ပုသိမ်ကားလမ်း) မြို့အဝင်/ ထွက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေး မြို့အဝင်/ထွက်တွင် မော်တော်ယာဥ်နှင့် ဆိုင်ကယ်မောင်းနှင်လာသူများအား ဥပဒေနှင့်မလွတ်ကင်းသည့် လက်နက်ကိရိယာပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း၍ စီးနင်းစေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပါ/ မပါစစ်ဆေးပြီး ယဉ်မောင်းသူများ လိုက်နာရန်အချက်များနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)