ဇီးကုန်း နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန် ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များ၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့နံနက်ပိုင်းမှစ၍ ပဲခူးတိုင်ဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ထုတ်ပေးလျက် ရှိသည်။
ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် PPE ဝတ်စုံ၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်း၊ Face Shield နှင့် လက်အိတ်အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံဖြန့်ဖြူးရေး လုပ်ငန်းကော်မတီမှ ပေးပို့သော ပစ္စည်း (၁၀) မျိုးအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာ အုပ်စု (၃၄) ခု၌ မဲရုံပေါင်း (၅၅)ရုံတွင် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)