ကန့်ဘလူ မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ယခုနှစ် ဖေဖော်ဝါရီလက စတင်ဆောင်ရွက်သော လုပ်ငန်းများအားလုံး ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းများမှာ အမှတ်(၁)ရပ်ကွက် ဘက်စုံ(၄)လမ်း အရှည်ပေ ၉၀၀ ၊အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း၊ အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလလမ်း အရှည်ပေ ၇၀၀၊ အ ကျယ် ၁၂ ပေ၊ ထု ၉ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း၊ အမှတ်( ၅)ရပ်ကွက် ဦးရာဇာတ်လမ်း အရှည်ပေ ၁၄၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း၊ အမှတ်( ၂)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်း အရှည်ပေ ၆၅၀၊ အကျယ် ၁၄ ပေ၊ ထု ၃ လက်မကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ အမှတ်(၃) ရပ်ကွက် ဆရာစံလမ်း အရှည်ပေ ၇၇၅၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ အမှတ်(၂)ရပ်ကွက် ခရေလမ်းသွယ် (၉)အရှည်ပေ ၉၇၀၊ အကျယ် (၁၄) ပေ၊ ထု (၆) လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အမှတ်(၂)ရပ်ကွက် ပြည်သူ့အငှာအိမ်ရာလမ်း အရှည်ပေ ၁၁၀၀၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မကွန်ကရစ်ခင်းခြင်းလုပ်ငန်း စသည်တို့ကို အထွေထွေပိုလျှံရန်ပုံငွေကျပ် ၃၂၂ ဒသမ ၄ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့လမ်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့် အချိန်မီပြီးစီးရေး၊ အရည် အသွေးပြည့်မီရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း လမ်းတာဝန်ခံအင်ဂျင်နီယာက ပြောပြသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)