ခန္တီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်း ဖွင့်လှစ်

ခန္တီး မတ်၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနသည် ငလျင်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ မြေပြိုခြင်းအန္တရာယ်၊ လျှပ်စီးလက်ခြင်း/မိုးကြိုးပစ်ခြင်း အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် (၉)နာရီအချိန်က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ခန္တီးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်စိုးမိုးက အဖွင့်အမှာစကား ပြောကြားကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်ဝင်းနုက မိမိတို့ဒေသတွင် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ပါဝင်ကူညီဆောင်ရွက်တတ်စေရန်နှင့် သဘာ ဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ပိုမိုသိရှိ နားလည်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်ဝင်းနုက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ ဘေးအန္တရာယ်စက်ဝန်းနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်မီးသတ်ဉီးစီးမှူး ဉီးအောင်သူက မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်း၊ မီးဘေးအန္တရာယ်နှင့်ကြုံတွေ့ပါက မီးငြိမ်းသတ်ပုံများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ခရိုင်ဉီးစီးမှူး ဒေါ်ခိုင်ဝေမွန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ခန္တီးမြို့မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တာဝန်ခံ ဉီးအုန်းလွင်က ရှေးဉီးသူနာပြုဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က ပြည်သူ့ဆက် ဆံရေးဘာသာရပ်နှင့် ပတ်သက်၍လည်းကောင်း စာတွေ့/လက်တွေ့ သင်ကြားပို့ချကြမည်ဖြစ်ပြီး ဌာန ဆိုင်ရာဝန်ထမ်းများ(၃၀)ဉီး တက်ရောက်ကြကာ သင်တန်းကာလမှာ မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့ အထိ(၃)ရက်တာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)