နတ်တလင်း မတ် ၂၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ Mobile Ultrasound ဖြင့် အခမဲ့ရောဂါရှာဖွေစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ(၂)ထပ်ကုသဆောင်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ Mobile Ultrasound ဖြင့် အခမဲ့ရောဂါရှာဖွေစစ်ဆေးခြင်းကို ပြည်မြို့ ကုတင်(၅၀၀) ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာဇင်ဇင်ဝေမင်း၊ ဓာတ်မှန်အထူးကုဆရာဝန် ဒေါက်တာလှိုင်ဝါဝါလင်းနှင့်အဖွဲ့မှ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူ(၅၀)ဦးခန့်အား ရောဂါရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ရောဂါရှာဖွေတွေ့ရှိပါက သက်ဆိုင်ရာဆရာဝန်များနှင့် ဆက်လက်ကုသပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)