ပန်းတောင်း မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ရပ်ကွက်များသို့ စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးဦးကိုကိုဝေဟိန်းနှင့်ဝန်ထမ်းများက မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ/မီးပလပ်ပေါက်များ ဟောင်းနွမ်းနေပါကလဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ မီးဘေးလုံခြုံရေးအတွက် အမှိုက်သရိုက်များအား စနစ်တကျစွန့်ပစ်ရေး၊ မီးသတ်ဆေးဘူးများ၊ ရေပုံးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ပါကြောင်းနှင့် မတော်တဆမီးလောင်မှုဖြစ်ပွားလာပါက သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနသို့ချက်ချင်း သတင်းပေးပို့ကြရန် ကွင်းဆင်းစစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)