ပန်းတောင်း မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပန်းတောင်းမြို့မစာကြည့်တိုက် ကြီးကြပ်မှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စကားပြောနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က ပန်းတောင်းမြို့မစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေမှ အမှာစကားပြောကြားပြီး စာကြည့်တိုက်ဥက္ကဋ္ဌ ဦးလှကျော်မှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့သည်။ ဆက်လက်၍သင်တန်းနည်းပြ ဦးပြည်သန်းမှ သင်တန်းသား/သူလေးများ၏ အင်္ဂလိပ်ကဗျာရွတ်ဆိုခြင်း၊ မိတ်ဆက်ခြင်းများ သရုပ်ပြသပြီး အခြေခံပန်းချီရေးနည်းကိုသင်တန်းနည်းပြ ဦးကိုကြီး (ပန်းတောင်း) မှ ရှင်းပြောကြားကာ မိဘတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းပြီးဆုံးခြင်း လက်မှတ်များအား စာကြည့်တိုက်နာယက ဦးတင်လှိုင် (ရွှေအိုး)မှလည်းကောင်း၊ စာကြည့်တိုက်နာယက ဦးသိန်းထွန်းမြင့်မှ လည်းကောင်း၊ စာကြည်တိုက်စည်းရုံးရေးမှူး ဦးကံမြင့်မှလည်းကောင်း၊ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)