လဟယ် မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက လဟယ်မြို့မာလာတောင် အားကစားခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ လဟယ်မြို့နယ်အားကစားနှင့်ယာယပညာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံဦးသုခသန့် ကသင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ က အားကစားသုံးပစ္စည်းများဖြစ်သည့်ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောနှင့် စားပွဲတင်တင်းနစ်ပစ္စည်းများကို သင်တန်းသားများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို မတ်လ၂၆ရက်နေ့ ဧပြီလ ၁၀ရက်နေ့အထိ သင်တန်းသား (၈၀)ဦးအား သင်တန်းနည်းပြ(၁၀)ဦးမှသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)