လက်ပံတန်း မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က စစ်မှုထမ်းရန် အကျုံးဝင်သူ၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလတို့ကိုရှင်းလင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှား ကောလာဟလများအား မယုံကြည်ကြရန်ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးသက်ညွန့်က လက်ရှိဖြစ်ပေါ်နေသော ဒေသအခြေအနေများကို ရှင်းလင်းပြောကြားသည်။
မြို့နယ်(ပြန်ဆက်)