နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းခံရသည့် ပေါင်းတည်မြို့မှ ဆရာတော်ကြီးများအား ဂုဏ်ပြုကြိုဆိုပင့်ဆောင်

ပေါင်းတည် မတ် ၂၈

နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များချီးမြှင့်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ ဆရာတော်ကြီးများအား မတ်လ ၂၅ရက်နှင့် မတ်လ ၂၆ ရက်တို့တွင် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဂုဏ်ပြုကြိုဆိုပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ အလှူခံရရှိတော်မူသော ပေါင်းတည်မြို့၊ ရွှေကျောင်းကြီးတိုက်၊ သဒ္ဒမ္မဇောတိကာရုံစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုဒ္ဒရ (မဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်) နှင့် ပေါင်းတည်မြို့ ရေတွင်းညီနောင်၊ မဟာဝိသုတာရာမ စာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒိမာ (မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်) တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းမှုကိုခံယူပြီး ပြန်လည်ကြွချီလာခဲ့ကြသည်။ ပြန်လည်ကြွချီလာသော ဆရာတော်ကြီးများအား တပည့်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဒါယကာ၊ ဒါယိကာမများနှင့် ဒေသခံပြည်သူများက ပေါင်းတည်မြို့နယ်မြို့ဦးမှ ဂုဏ်ပြုကြိုဆိုကာ သက်ဆိုင်ရာကျောင်းတိုက်များသို့ အသီးသီးပင့်ဆောင်ခဲ့ကြ‌ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)