ပွင့်ဖြူမြို့နယ်၌ မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို မတ်လ ၂၅ ရက်နေ့ကစပြီး ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ကျောင်းသား၊ ကျောင်းသူများကို အရည်အချင်းပြည့်ဝပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများပေါ်ထွက်လာစေရန် ဆရာ၊ ဆရာများကို ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချသင်ကြားပေးရခြင်းဖြစ်၍ တက်ရောက်လာသည့်  ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း သင်ကြားသင်ယူမှုအပိုင်းတွင် အရည်အသွေးပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ စနစ်သစ်ပညာရေး၏ အဓိကမဏ္ဍိုင်ဖြစ်သည့် လူ့စွမ်းအရင်းအမြစ်များစွာပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၇၇၉)ဦးတို့အား  နည်းပြ ၅၈ ဦးက လည်းကောင်း၊  အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၃၀၁)ဦးတို့အား နည်းပြ ၂၈ ဦးကလည်းကောင်း မတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)