ဇလွန်မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်ရေရရှိရေးလုပ်ငန်း ဖဲကြိုးဖြတ်ဖွင့်လှစ်

ဇလွန် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်  (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရေရရှိရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီတွင် ယင်းမလွတ် ကျေးရွာအုပ်စု ယင်းမလွတ် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရေရရှိရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဟင်္သာတခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသူရိန် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ၊ ယင်းမလွတ်ကျေးရွာ မြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများသည် ရေရရှိရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းမလွတ် ကျေးရွာအုပ်စု အမြင့်တင်ရေစင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း( ၉၀၀) ရာမှ ကျပ်သိန်း(၁၅၀)နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း( ၇၀ ) စုစုပေါင်း ကျပ်သိန်း ( ၂၂၀ )အကုန်ကျခံ တည်ဆောက်ထားခြင်းဖြစ်ပြီး အမြင့်တင်ရေစင်သည် အမြင့်ပေ ( ၂၀)၊ အကျယ်( ၁၀ ) ပေ ၊ ရေဂါလံ ( ၂၄၀၀) ဆန့်ပြီး အိမ်ခြေ(၈၀)ကျော် အကျိုးပြုမည် ဖြစ်ကြောင်းသိရသည်

ဝေယံ (ပြန်/ဆက်)