သရက်မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

သရက် မတ် ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို  ယနေ့နံနက် (၈)နာရီက သရက်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပေးပြီး သရက်မြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံက ငါးပါးသီလခံယူဆောက်တည်ပြီး ဩဝါဒ မိန့်ကြားတော်မူခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သရက်ခရိုင် အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(သုံးကြိမ်)ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)