ညောင်တုန်း မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မီးသတ်ရေစင်၊ ကျောက်ရောမြေခင်းလမ်းနှင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ကျင်းပပြုလုပ်သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ ဆည်မြောင်းရုံးလမ်းရှိ ဂါလန်(၂၄၀၀)ဆန့် မီးသတ်ရေစင်နှင့် စက်ရေတွင်း၊ အရှည်(၁၅၆၀) ပေ၊ အကျယ် (၁၆) ပေ၊ ထု (၄) လက်မရှိ အမှတ် (၁၀) ရပ်ကွက်၊ ဧရာမင်းမြို့ပတ်လမ်း အပိုင်း (၁) ကျောက်ရောမြေခင်းလုပ်ငန်း၊ အရှည် (၁၀၀၀) ပေ၊ အကျယ် (၈) ပေ၊ ထု(၆)လက်မရှိ ဆားမလောက်ကျေးရွာ၊ ဇေယျာသီရိကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်မျိုးသူ၊ အဖွဲ့ဝင် (၂) ဦးဇော်လွင်၊ အဖွဲ့ဝင် (၃) ဦးကျော်စိုးနှင့် အတွင်းရေးမှူး ရဲမှူးကျော်မျိုးးထက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မီးသတ်ရေစင်နှင့် စက်ရေတွင်း၊ လမ်းများအားကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)