အောင်လံ မတ် ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club၊ Women Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့်ယမန်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ Book Club အသင်းဥက္ကဋ္ဌ ဦးတင်ဝင်းက “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း”အကြောင်း၊ Book Club အသင်းဒုဥက္ကဋ္ဌ ဦးသန်းထွန်းက “လမ်းလျှောက်ထွက်ကြမယ်”အကြောင်း၊ အမျိုးသမီးရေးရားဥက္ကဋ္ဌ ဒေါ်သင်းသင်းရီက “အချိန်အခါကိုသိပါ”အကြောင်း၊ အသိပညာဗဟုသုတနှင့်စာပေဆိုင်ရာအသိအမြင်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများဖြစ်သော Book Club၊ Women Club အသင်း အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)