နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင်နွေရာသီအခမဲ့ ဘင်ခရာ တီးခတ်နည်းသင်တန်း ဖွင့်လှစ်

နတ်မောက် မတ် ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဘင်ခရာတီးသင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူများအနေဖြင့်  အချိန်ကိုအကျိုးရှိစွာအသုံးချ တတ်စေရန်၊ ဂီတနှင့်ကျွမ်းဝင်မှုရှိစေရန်၊ ကလေးများအားဘက်စုံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းကြောင်း၊ သင်တန်းနည်းပြဆရာဦးဌေးအောင် ဂီတနုတ်များဖြင့် စနစ်တကျ ပုလွေမှုတ်နည်း၊ ဘင်ခရာတီးခတ်နည်းများအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ရာအထက် တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၆)ဦးတက် ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

လှဝင်း