ဒေးဒရဲမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အဖွဲ့လိုက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ

ဒေးဒရဲ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အမှတ်တရ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဖွဲ့လိုက်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်()နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေးနှင့် နှုတ်မှုစွမ်းရည် တိုးတက်စေရေးတို့အတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းအဆင့် အဖွဲ့လိုက်ကဗျာရွတ်ဆို ပြိုင်ပွဲကိုကျင်းပရာ  ကျောင်းသား၊ ကျောင်းသူလေးများက စာရေးဆရာ မျိုး​မြတ်မြတ်မြင့်မောင် ရေးသားသည့် ဆက်၍ချီပါ တပ်မတော်ကဗျာဖြင့်    ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

 ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများ  မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)