မုံရွာ၊ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မဟာသုဗောဓာရုံကျောင်း တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၅၀၀ နှင့် သီလရှင်အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၂၄ ရက်နေ့၊ နံနက် ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ပင့်သံဃာဆရာတော်/သံဃာတော်များ၊ သီလရှင်ဆရာကြီး/ဆရာလေးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်/သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဝတ္ထုငွေနှင့်ဆွမ်းဆန်စိမ်းများ လောင်းလှူကြပြီး တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ အလှူရှင်များမှ ဆွမ်းဆန်စိမ်းများ လောင်းလှူနေမှုများ နှင့်စတုဒိသာများ ဧည့်ခံကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါကျောင်းတိုက်ကြီးအတွင်းရှိ မဟာသမယဓမ္မာရုံကြီး၌ စစ်ကိုင်း တောင်ရိုးရှိ သံဃာအပါး ၅၀၀ နှင့် သီလရှင်အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပရာ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြသည်။
ထို့နောက် မတ္တရာမြို့၊ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မဟာသုဗောဓာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဆရာတော်ကြီးမှ ဩဝါဒကထာမြွတ်ကြားပြီး အလှူရှင်များ၏ လှူဒါန်းမှုများ အား အခမ်းအနားမှူးမှ ဖတ်ကြားလျှောက်ထားသည်။
ဆက်လက်ပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များမှ အနုမောဒနာတရားနာယူကြည် ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ် ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)