လက်ပံတန်းမြို့နယ်၌ "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ရအရှင်မြတ်အား ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်

လက်ပံတန်း မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ" ဘွဲ့တံဆိပ်တော်ရအရှင်မြတ်အား ကြိုဆိုဂုဏ်ပြုပူဇော် ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့၊ မအူကုန်ရပ်ကွက်ရှိ ဘုရားငါးဆူ ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝရသာမိသည် ၁၃၈၅-ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၄-၃-၂၀၂၄) တနင်္ဂနွေနေ့တွင် နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းအပ်သော "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ "ဘွဲ့တံဆိပ်တော်ကို အလှူခံယူပြီး လက်ပံတန်းမြို့သို့ ပြန်လည်ကြွချီလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၊ စတုပစ္စယဒါယကာ ဒါယိကာမများ၊ မြို့မိမြို့ဖများအပေါင်းမှ သောင်းသောင်းဖြဖြ စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)