တောင်တွင်းကြီးမြို့နယ်တွင် မြို့ပြသန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

တောင်တွင်းကြီး မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်လုပ်ငန်းများကို ယမန်နေ့ညနေပိုင်းမှစတင်၍  ပြည်-မကွေး ကားလမ်းမတစ်လျှောက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်-မကွေးကားလမ်းမကြီးရှိ လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးထားသော  ပန်းအလှပင်များအား‌ ရေဖြန်းပေးခြင်း၊ မြို့အဝင်ဆိုင်းဘုတ်သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကားလမ်းမကြီးတစ်လျှောက် စွန့်ပစ်အမှိုက်သရိုက်များသိမ်းဆည်းခြင်း၊ တံမြက်စည်းလှည်း သန့်ရှင်းရေးများပြုလုပ်ခြင်းနှင့်  စွန့်ပစ်အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် ရှင်းလင်းသိမ်းဆည်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့သန့်ရှင်းသာယာစေရေးအတွက် စဉ်ဆက်မပြတ်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)