ရေတာရှည်မြို့နယ်၌ မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ရေတာရှည် မတ်လ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ရေတာရှည်၊ ရွှေကြက်ယက်နှင့် မြို့မကျောင်းတို့တွင် ပြုလုပ်သည်။

အဆိုပါသင်တန်းသို့ ရေတာရှည်မြို့နယ်အတွင်း ဆွာမြို့၊ သာဂရမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ မူလွန်ကျောင်းနှင့် ကျောင်းခွဲအသီးသီးမှ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ စုစုပေါင်း (၁၀၃၈ ) ဦး တက်ရောက်ပြီး သင်တန်းတွင် သင်တန်းနည်းပြ (၄၀) ဦးက အခြေခံပညာမူလတန်းအဆင့်သင် ဆရာများ၏ စဉ်ဆက်မပြတ် လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ လက်​တွေ့ဆောင်ရွက်မှုများ၊ အရည်အသွေးမြှင့်တင်ခြင်းကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းကာလမှာ မတ် (၂၅) ရက်မှ (၃၀) ရက်အထိ (၅) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)