အုတ်တွင်း မတ် ၂၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ အခြေခံပညာအလယ်တန်း၊ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်း အ.ထ.က၊ ဈေး အ.လ.က (ခွဲ)၊ ပဲခူးလမ်း အ.လ.က (ခွဲ)နှင့် ကြက်သွန်ခင်း (၂) အ.လ.က (ခွဲ) တို့တွင် ဖွင့်လှစ်ပို့ချသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်းတို့မှ မူလတန်းဆင့်သင် ဆရာ ဆရာမ (၉၀၉) ဦး၊ အလယ်တန်းဆင့်သင် ဆရာ ဆရာမ (၅၅၇) ဦး စုစုပေါင်း (၁၄၆၆) ဦးတက်ရောက်ပြီး သင်တန်းတွင် သင်တန်းနည်းပြ (၅၀) ဦးက အခြေခံပညာမူလတန်း/ အလယ်တန်းဆင့်သင် ဆရာ ဆရာမများ၏ စဉ်ဆက်မပြတ် လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုများ အရည်အသွေးမြှင့်တင်ခြင်းကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းကာလမှာ မတ် (၂၅) ရက်မှ (၃၀) ရက်အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)