ပခုက္ကူ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လှုပ်ရှားဆောင်ရွက်သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါ်ဝင်းနွယ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ တွဲလက်များ ပရဟိတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးမူနှင့် အဖွဲ့များပူးပေါင်းပြီး ဆေးရုံကြီးရှိ လူနာနှင့်လူနာစောင့်များအား ၂၀၂၄ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တီဘီရောဂါကာကွယ်ဆေး မှီဝဲသုံးစွဲနေကြသည့် လူနာများအား တစ်ဦးလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “တီဘီရောဂါပပျောက်ဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းလို့ ပံ့ပိုးကူညီဆောင်ရွက်စို့”ခေါင်းစဉ်နှင့်အညီ အသိပညာပေး ကွင်းဆင်းဟောပြောခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)