မင်းလှ(အောက်) နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အသက်(၆၀)နှစ် အထက် သက်ကြီးရွယ်အိုများနှင့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး များ မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲများ ရယူခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲ(၁၂၈၆၁)ဦးခန့်ထိ ကောက်ခံရယူနိုင်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရ သည်။
ကြိုတင်ဆန္ဒမဲများ ရယူခြင်းကို ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့များ၊ နယ်မြေခံရဲနှင့် အထူးရဲ၊ မဲရုံမှူးနှင့် ဒုမဲရုံမှူး၊ မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်တို့ ပူးပေါင်းကာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌လည်းကောင်း၊ အိမ်တိုင်ရာရောက် ကွင်းဆင်း၍လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီချိန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ