ကန်ကြီးထောင့် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ဝက်ထိုးကျေးရွာအုပ်စု၊ ဝက်ထိုးကျေးရွာ(ရွာတွင်းလမ်း) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ဝက်ထိုးကျေးရွာ(ရွာတွင်လမ်း)ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက် လာသူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသော ဝက်ထိုးကျေးရွာ (ရွာတွင်းလမ်း)ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါ ကွန်ကရစ်လမ်းသည် အလျား (၂၀၅)ပေ၊ အနံ (၁၂)ပေနှင့် (၇)လက်မထုရှိပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ ဝက်ထိုးကျေးရွာရှိ အိမ်ခြေ(၁၄၃)၊ လူဦးရေ(၅၄၀)ဦးအား များစွာအကျိုးပြုသောလမ်းဖြစ်ကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)