ရေကြည်မြို့နယ်တွင် အသက်(၆၀)နှင့်အထက်ပြည်သူများနှင့် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌ တာ၀န်ထမ်းဆောင်ကြမည့်သူများ ကြိုတင်ဆန္ဒမဲပေး

ရေကြည်   နိုဝင်ဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌ တာ၀န်ထမ်းဆောင်ကြမည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲလက်မှတ် ထည့်သွင်း ခြင်းကို ယနေ့နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရန်အတွက် ရွေးကောက် ပွဲနေ့တွင် သက်ဆိုင်ရာ မဲရုံအသီးသီး၌ တာ၀န်ထမ်းဆောင်မည့် ၀န်ထမ်းများ၊ တာ၀န်အရ မဲဆန္ဒနယ်ပြင်ပတွင် တာ၀န်ထမ်းဆောင်ကြမည့် မဲဆန္ဒရှင်များစသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြိုတင်ဆန္ဒမဲများ‌ပေးလျက်ရှိကြောင်းနှင့် ရေကြည်မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၅၃,၈၁၉)ဦးရှိပြီး မဲရုံပေါင်း (၁၁၉)ရုံလျာထားကြောင်း ရေကြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။

အောင်သူဟန် (ပြန်/ဆက်)