မိုးညိုမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များမှ မြို့နယ် အတွင်း မဲရုံများ ပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

မိုးညို နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်းမဲရုံများ ပြင်ဆင်ထားမှုကို ယနေ့ နံနက်ပိုင်းက လိုက်လံကြည့် ရှုစစ်ဆေးခဲ့သည်။
မိုးညိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ပါဝင်သော ဇောတိကရပ်ကွက်၊ သခင်လှရှိန် ရပ်ကွက်၊ ဝဲကြီးအုပ်စု၊ စပါယ်မျှောင်အုပ်စုတို့တွင် ပြင်ဆင်ထားရှိသော မဲရုံများနှင့် မဲဆန္ဒနယ်အမှတ်(၂)တို့တွင် ပါဝင်သည့် ရွှေဥဒေါင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွှေပြည်သာ ရပ်ကွက်၊ သာယာကုန်း၊တက်ဆွဲ၊ ဘုရား ငူအုပ်စု တို့၌ စာသင်ကျောင်းများတွင် ထားရှိသည့် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မဲရုံမှတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ သည်။
အဆိုပါစစ်ဆေးရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စီမံကိန်းဦးစီး ဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရင်းစစ်ရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ပြီးကျန်ရှိသည့် မဲဆန္ဒနယ်များကိုလည်း ဆက်လက်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။
ကိုမင်း(မိုးညို)