သာပေါင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့် (မြတ်ဗုဒ္ဓအခါတော်) နေ့ အချိန်အခါသမယတွင် မဟာပဌာန်းရွတ်ဖတ်ပူ‌ဇော်ခြင်း၊ သီလခံယူ‌ဆောက်တည်၍ ဝိပဿနာ ဘာဝနာတရားများ ကျင့်ကြံအားထုတ်လျက်ရှိ

သာပေါင်း မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်၊ မြန်မာသက္ကရာဇ်သက္ကရာဇ် ၁၃၈၅ ခုနှစ်၊တပေါင်းလပြည့် (၁၅) ရက် (မြတ်ဗုဒ္ဓအခါတော်) နေ့၊ မတ်လ ၂၄ ရက်နေ့ အချိန်အခါသမယတွင် အမှတ် (၂) ရပ်ကွက် ငြိမ်းချမ်းပြည့်ဝအောင်သိဒ္ဓိစေတီတော်ကြီးနှင့်တောင်ညိုဂန္ဓာရုံ ကျောင်းတိုက်တို့တွင် ဘုရားအနေကဇာတင်ခြင်းနှင့် မဟာပဌာန်းရွတ်ဖတ်ပူ‌ဇော်ခြင်း၊ သီလခံယူ‌ဆောက်တည်၍ ဝိပဿနာ ဘာဝနာတရားများ ကျင့်ကြံအားထုတ်လျက်ရှိကြသည်။

ထို့ပြင် အမှတ် (၂) ရပ်ကွက်၊ ငြိမ်းချမ်းပြည့်ဝအောင်သိဒ္ဓိစေတီတော်နှင့် တောင်ညိုဂန္ဓာရုံ ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာအရှင်သူမြတ်တို့က ဘုရားအနေကဇာတင်ပူဇော်ခြင်း၊ မဟာပဌာန်းရွတ်ဖတ်ပူ‌ဇော်ခြင်း၊ ကျောင်းတိုက်အသီးသီးတို့ရှိ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်ကောင်း ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က (၉) ပါး သီလခံယူဆောက်တည်ကြပြီး ဝိပဿနာဘာဝနာတရားများ ကျင့်ကြံအားထုတ်ကြလျက်၊ ဝတ်ရွတ်အသင်းများကလည်း ပရိတ်၊ပဌာန်းတရားတော်ရွတ်ဖတ်ပူဇော်ခြင်းတို့ဖြင့် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ စိတ်နှလုံးအေးချမ်းသာယာစွာ အလှူဒါနပြုကုသိုလ်ယူ လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)