မုံရွာမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေစည်းခုံဘုရားတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မုံရွာ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေစည်းခုံဘုရားတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တပေါင်းလပြည့်နေ့အခါသမယနေ့ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

အဆိုပါ ရွှေစည်းခုံဘုရားသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများက ဘုရား လာရောက်ဖူးမြော်ကြရာတွင် ပန်း၊ ဆီမီး၊ ရေချမ်းနှင့် အမွှေးနံ့သာများ ထွန်းညှိပူဇော်ကြခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူကြခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းကြခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာ၊ လိပ်အစာ၊ ယုန်အစာများကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းနှင့် ဥပုသ်သီလစောင့်ည် ကြခြင်းတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)