ဝေါ မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက်(၉း၀၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များစုပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအား နမောတဿ ( ၃ ) ကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်အခမ်းအနာဖွင့်လှစ်ပြီး ထေရ်ကြီးဝါကြီးသက်တော်ရှည်ဆရာတော်ကြီး(၁၂)ပါးအား ပူဇော်ကန်တော့ကာ ဝေဠုဝန်ကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒထံမှ သြဝါဒခံယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းကိုကိုမှ ဗုဒ္ဓပူဇနိယပွဲတော်၏ ဿသနာရေးဆိုင်ရာများလျှောက်ထားကာ ဆုတောင်းပြည့်ကြုံတူစေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေကျပ်(၄၀၅၀၀၀၀)အား ပေးအပ်လှူဒါန်းရာ ဂေါပက(ဥက္ကဋ္ဌ)ဦးကျော်မြင့်က လက်ခံရယူသည်။ ထို့နောက် ဘိုးဦးစိန်ကျောင်းဆရာတော် ဘဒ္ဒန္တဇနိဒ္ဒထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာရေစက်ချတရားချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓဿသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းသည်။
ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတီတော်ရင်ပြင်တွင်ကျင်းပရာ သက်ကြီးဝါကြီး သက်တော်ရှည်ဆရာတော်ကြီး(၁၂)ပါးနှင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း(၁၆၈)တိုက်မှ သံဃာတော်(၁၆၈)ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ပြီး ကြွရောက်အပူဇော်ခံသည့် ဆရာတော်ကြီးများနှင့် ဧည်ပရတ်သက်အပေါင်းတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)