မိုးညိုမြို့နယ်၊ သရက်တစ်ပင်ကျေးရွာတွင် နေအိမ်(၂)လုံးမီးလောင်ဆုံးရှုံးမှုဖြစ်ပွား

မိုးညို   မတ်   ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ သရက်တစ်ပင်ကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီ ၁၅ အချိန်ခန့်က နေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။     

ဖြစ်စဉ်မှာ သရက်တစ်ပင်ကျေးရွာနေ ဦးကျော်မြင့်၊ ကျပန်းလုပ်သူ၏ နေအိမ်မီးဖိုတွင် ရေနွေးအိုးတည်ခဲ့ပြီး ပဲကောက်ရန်ထွက်သွားစဉ် ရေနွေးအိုးတည်ထားသည့် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိမီးဖိုချောင်တွင်ကာရန်ထားသည့် ဝါးထရံအား မီးကူးစက်ရာမှ ၎င်း၏နေအိမ် (၄×၄)၊ သစ်သားတိုင်၊ သွပ်မိုး၊ ဝါးထရံ၊ ဝါးကြမ်းခင်းနေအိမ်နှင့် အခြားနေအိမ်(၄×၄)၊ ဝါးတိုင်၊ သွပ်မိုး၊ ဝါးထရံ၊ ဝါးကြမ်းခင်း နေအိမ်(၂)လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၂)ဦး၊ မ(၄)ဦးတို့ မီးဘေးသင့်ခဲ့ကာ လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)