သာပေါင်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာ၌ တည်ထားကိုးကွယ်ပူဇော်လျက်ရှိသော အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူခြင်း(၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယ အလှူတော်မင်္ဂလာပွဲကို မတ်လ ၂၃ ရက်နေ့၊နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အကျော်ဇေယျပဿထ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူခြင်း(၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယ အလှူတော်မင်္ဂလာပွဲ ကျင်းပရာ အလှူရှင် သီရိပျံချီဦးဌေးဦး+ဒေါ်နီနီဝင်း မိသားစုကိုယ်စား ဦးအောင်ရွှေ၊ ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြကာ ဘိုးတော်ကျောင်းဆရာတော်ဦးစန္ဒိမာထံမှ ငါးပါသီလ ခံယူဆောက်တည်၊ ပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ပစ္စည်းနှင့်နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား နတ်သုဒ္ဓါနေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေး ကုသိုလ်တော်ပြုခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(သာပေါင်းပြန်/ဆက်)