ရွှေတောင် မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဇီးကျွန်းကျေးရွာအုပ်စု၊ မင်းကြီးကုန်းကျေးရွာတွင် ယမန်နေ့ ညနေ ၃း၀၀ နာရီ အချိန်ခန့်ကလူနေအိမ် (၅) လုံး မီးလောင်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇီးကျွန်းကျေးရွာအုပ်စု၊ မင်းကြီးကုန်းကျေးရွာနေ ဒေါ်ညို (ခ) မိညိုပိုင်ဆိုင်သည့် (သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း) နေအိမ်အလယ်တိုင်ရှိ ပလပ်ခုံမှအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးပတ်ဝန်းကျင်နေအိမ် (၄) လုံး စုစုပေါင်းနေအိမ် (၅) လုံးတို့အား မီးကူးစက်မီးလောင်ကျွမ်းခဲ့သည်။
အဆိုပါမီးလောင်ရာနေရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်စာရေးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဇီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဇီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၃း၂၅ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး လူ/ တိရစ္ဆာန်များ ထိခိုက်သေဆုံးမှူမရှိဘဲ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု (၅) စုအား နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီထားရှိပြီး မီးလောင်မှုနှင့် ပတ်သတ်၍ စုစုပေါင်းဆုံးရုံးမှုခန့်မှန်းတန်းဖိုး (၁၃၇၀၀၀၀ိ/-) ကျပ်ခန့် ပျက်စီးဆုံးရှူံးခဲ့ကြောင်း သိရသည်။
မီးပေါ့ဆစွာ အသုံးပြု၍ လူနေအိမ်အား မီးလောင်ကျွမ်းမှုဖြစ်ပွားစေသူ ဒေါ်ညိုအား ခေတ္တရဲစခန်းမှူး ညောင်စာရေး ဒုရဲအုပ် နေမျိုးသူမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)