ခန္တီး မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၈)နာရီအချိန်က မင်္ဂလာဈေးအတွင်းနှင့် လူစည်ကားရာလမ်းဆုံနေရာများ၊ ဈေးတိုက်တန်းများတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၏အဓိပ္ပာယ်၊ စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်အပိုင်းအခြားနှင့်ပတ်သက်သည်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိမည့်အကျိုးခံစားခွင့်များစသည့်အကြောင်းအရာအချက် အလက်များပါရှိပြီး စောင်ရေ(၂၀၀၀)အားဖြန့်ဝေခဲ့ကြသည်။ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် ခ.မ.ရ(၃၄၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းပြည့်တို့ကဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေခဲ့ကြပြီး ခန္တီးမြို့ပေါ်ရပ်ကွက်များတွင်စောင်ရေ(၂၀၀၀)၊ ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စောင်ရေ (၅၅၈၀) စုစုပေါင်းစောင်ရေ(၇၅၈၀) အားဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)