မင်းလှမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရေးအတွက် အလှူငွေသိန်း(၃၇၀) ကျပ်လှူဒါန်း

မင်းလှ(အောက်) နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အမှတ်()ရက်ကွက်၊ ဘူတာရုံလမ်းတွင် ဆောက်လုပ်လျက ်ရှိသည့် သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်တည် ဆောက်ဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာ ရက်နေ့လည်ပိုင်းက စေတနာရှင်ပြည်သူများအလှူငွေလှူဒါန်းခြင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဝန်ကြီးဦးအောင်ဇော်နိုင် တတ်ရောက်ခဲ့ကြောင်း သိရသည်။

အလှူငွေလှူဒါန်းခြင်းတွင် မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီးတည်ဆောက်ခြင်းနာယက ဆရာတော်အမှတ် ()ရပ်ကွက်၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံ  မင်းလှမြို့နေ ဦးသောင်းစိန်နှင့်ဇနီးဒေါ်ဖြူဖြူဝင်းမိသားစု (ရှင်းသန့်ဦးရေသန့်စက်ရုံ) တို့မှ အလှူငွေသိန်း(၃၇၀)ကျပ်ကိုဆက်ကပ်လှူဒါန်းခဲ့ရာ ဝန်ကြီးဦးအောင်ဇော်နိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးခဲ့ပြီး၊ နာယကဆရာတော်ကြီးမှ  ဩဝါဒဆုံးမစကားပြောကြားကာ ရေစက်သွန်းချ အမျှဒါန်းဝေ ပေးခဲ့ကြသည်။

ထို့နောက် နာယကဆရာတော်ကြီးနှင်တကွ  ဝန်ကြီးဦးအောင်ဇော်နိုင်၊ ဗိမ္မာန်တော်ဖြစ်မြောက်ရေးကော်မ တီဝင်များနှင့်အလှူရှင်တို့က မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)