ဖျာပုံ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား Biometric ရိုက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ မြန်မာ့ စီပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေထုတ်ပေးရာတွင် မြန်မာ့စီပွားရေးဘဏ် (ဖျာပုံ)အနေဖြင့် အငြိမ်းစားပင်စင်စားဦးရေ (၂၁၈၉) ဦးရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက Biometric ဆိုင်ရာ အချက်အလက်များ ကောက်ယူပေးလျက် ရှိကြသည်။
မြန်မာ့စီပွားရေးဘဏ် (ဖျာပုံ) အနေဖြင့် သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိပြီး မတ်လအတွက် ပင်စင် လစာငွေများကို ယနေ့ နံနက်(၈) နာရီမှ မွန်းလွဲ(၂)နာရီအတွင်း လာရောက်ထုတ်ယူသူ အားလုံးကို ထုတ်ပေးလျက်ရှိပြီး လာရောက်မထုတ်ယူနိုင်သူများကို (၂၀၂၄)ခုနှစ် ဧပြီလ လဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အငြိမ်း စားပင်စင်လစာငွေများကို ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစု ဝင်တစ်ဦးက ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် (ဖျာပုံ)မှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)