ပြည်မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်

ပြည် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မင်းကြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့  ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ စုစုပေါင်း ၄၀၈ ဦးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှနည်းပြ လေးဦး တက်ရောက်ကာ သင်တန်းတွင် KG တန်းမှ Grade – 5 အထိ အခြေခံပညာမူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ကာကွယ်ဆေးထိုးနှံမှု၊ သန်ချဆေးတိုက်ကျွေးမှုနှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု စသည့် ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို ကျောင်းကျန်းမာရေး မှတ်တမ်းကတ်၌ စနစ်တကျမှတ်တမ်းရေးသွင်းမှုဆိုင်ရာများကို သင်တန်းကာလနှစ်ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)