မင်းဘူး မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အခြေခံပညာမူလတန်းဆင့် လုပ်ငန်းခွင်ဝင်စ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် (ခရိုင်အဆင့်)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းဘူးခရိုင်ပညာရေးမှူး ဒေါက်တာ ရဲညွန့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ဆွေးနွေးပွဲပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းဆင့်လုပ်ငန်းဝင်စ ဆရာ၊ ဆရာမများ စွမ်းရည်မြှင့်(ခရိုင်အဆင့်)ဆွေးနွေးပွဲကို မတ်လ ၂၁ မှ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ ဆရာ ၁၄၉ ယောက်၊ ဆရာမ ၇၈၅ ယောက် စုစုပေါင်း ၉၃၄ ယောက်ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထက်(မင်းဘူး)