ပဲခူးတိုင်း၊ဒိုက်​ဦးမြို့တွင် ရွေးကောက်ပွဲနေ့ မဲရုံများတွင် အသုံးပြုမည် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်​

 

ဒိုက်​ဦး နိုဝင်​ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင်​ရွေးကောက်ပွဲနေ့ တွင်အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းကိုကိုဗစ်-၁၉ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ပစွည်းများအားမြို့နယ်​(ကိုဗစ်-၁၉)ကာကွယ်​ရေးပစ္စည်းများ လက်​ခံဖြန့်​ဖြူး​ရေး   လုပ်​ငန်း​ကော်​မတီမှမြို့နယ်​အတွင်းရှိမဲရုံများသို့ လွှဲပြောင်းပေးအပ်ခြင်းကို နိုဝင်​ဘာလ ၄ ရက်​နေ့ နံနက်(၉)နာရီအချိန်ကဒိုက်​ဦးမြို့အ​ထွေ​ထွေအုပ်​ချုပ်​ရေးဦးစီးဋ္ဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်​။

အဆိုပါထောက်ပံ့ပစ္စည်းများတွင်​ဒိုက်​ဦးမြို့နယ်အတွင်း မဲရုံပေါင်း(၁၇၂)ရုံအတွက် မဲရုံ တစ်ရုံလျှင် မဲရုံအဖွဲ့ဝင်များနှင့် Volunteer များအတွက် N-95 mask (၁၃၂၁၁၉)ခု၊ Exam Glove (၉၇၄၈)ခု၊ Face shield (၈၆၀)ခု အပါဝင် Surgical Gloves(၈၁၅)ခု၊ PPE Cover All(၈၆၀)ခု၊ Protective Mask(၈၆၀)ခု၊ Boot(၈၆၀) ခုပါဝင်ပြီး ထောက်​ပံ့ပစ္စည်းများကို ဒိုက်​ဦးမြို့နယ်​လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဆိုင်ရာ ဦးစီးဌာန၊မြို့နယ် ဦးစီးမှူးဦး​ကျော်​စိုးမိုးနှင့် ဝန်​ထမ်းများက​သက်​ဆိုင်​ရာ မဲရုံတာဝန်​ခံ များအားလွဲပြောင်း ပေးအပ်ခဲ့ကြသည်။ ဒိုက်​ဦးမြို့နယ်အတွင်းရှိ မဲရုံပေါင်း (၁၇၂)ရုံကို ဆက်လက် ဖြန့်ဝေသွား မည်ဖြစ် ကြောင်းသတင်းရရှိသည်။

ကျော်​ကျော်​(ဒိုက်​ဦး)